စာလုံး/အကြီး+ နှင့် -အသေး
RSS

ဓါတ်ပုံ

ထုတ်ကြည့်မိတိုင်းဆွေး
သူနဲ့ကိုယ် အပြန်အလှန်ငေး
ချစ်သူ့ပုံရိပ်လေး


  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကောင်မလေးသို့....

ချစ်သူ . . .
မင်းအတွက်၊
မင်းအနား၊
မင်းအပါးမှာ . . .
ကိုယ့်ဝိညာဉ် . . . ။
အဆုံးမဲ့၊
အရှုံးနဲ့၊
အသုံးမတည့်လည်း . . .။
ထားခဲ့သည် . . .။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

တွဲလက်တစ်ဖန်

တွယ်တာနှောင်ရစ်၊ မေတ္တာစစ်မို့
နှစ်တွေဟောင်းလည်း၊ သစ်လွင်ဆဲလေ
စွဲနစ်ရင်မှာ၊ အကြင်နာတွေ
ကြာလေပြင်းပြ၊ အိပ်မရတဲ့
ညတွေပေါင်းလည်း များခဲ့ပြီ။
မမုန်းပါပဲ၊ တို့လမ်းခွဲခဲ့
အမြဲလွမ်းရ၊ နေ့နဲ့ညတွေ
တမ်းတအမြဲ၊ ချစ်နေဆဲမို့
တွဲလက်မြဲမြံ၊ မနက်ဖြန်မှာ
ပြန်လည်ဆုံဆည်းကြမယ်လေ..................။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဒါ အချစ်တဲ့လား


ငါ့အနားဖြတ်သွားတော့
နင့်ကို ငါစိုက်ကြည့်နေမိ။
မင်းတခြားလူနဲ့စကားပြောတော့
ငါ့မှာ မနာလိုဝန်တိုစိတ်တွေပွား
မင်းကိုယ့်အနားလာပြန်တော့
ငါ့မှာ ကြောက်စိတ်တွေဝင်
မင်းကိုယ့်ကို စကားလာပြောတော့
ငါ့မှာ ပဟေဠိပုစ္ဆာတစ်ခုလိုဖြစ်နေခဲ့။
မင်းအဝေးကို ထွက်သွားတော့
တစ်ခုခုကိုစွဲ လွမ်းသလိုငါခံစားရ
ဒါအချစ်တဲ့လား............

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

လွမ်းအောင်ဖန်



စုံလိုက်တဲ့ ကြယ်တာရာ
သာလိုက်တဲ့ ဖိုးရွှေလ
လှလိုက်တဲ့ ညရီချမ်း
လွမ်းလိုက်တာ ချစ်သူရယ်..........။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကိုယ့်အချစ်


ချစ်သူ့အတွက်ဆို
ပင်မြင့်က တော်ဝင်သဇင်
မဖြစ်ရင်လည်းနေပါစေ။
ချစ်သူ့ခြေရင်း
ကြွေကျသက်ဆင်းမယ့်
ခရေတစ်ပွင့်ပဲ
ဖြစ်ချင်တယ်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကျွန်တော့် ဆုတောင်း၊ အိပ်မက်

ကျွန်တော့်ဘဝမှာ ပျော်ရွှင်ဖွယ်အချိန်လေးတွေကို ပိုင်ဆိုင်ခဲ့ဘူးပါတယ်။ ဘယ်အချိန်တွေမှာ ပိုင်ဆိုင်ခဲ့တာလဲ ဆို..... ကျွန်တော် အချစ်ကို စတင်တွေ့ရှိခဲ့တဲ့ အချိန်ကစလို့ပေါ့............ သူ့အနားမှာ ရှိနေရရင် အလိုလို ပျော်နေမိတယ်။ သူ့အသံလေးတွေကလည်း တော်တော် နားဝင်ချိုတာဗျ....... ကျွန်တော် ဆုတောင်းမိတယ် သိလား..... "ငါ့ ချစ်သူတာ ဖြစ်လိုက်ပါတော့" လို့......... အရင်ကဆို ကျောင်းတက်ရမှာ ပျင်းတဲ့ ကျွန်တော် ... အခုဘာလို့များ ကျောင်းကို သွားချင်နေရတာလဲ မသိပါဘူးဗျာ... အဓိက တရားခံကတော့ သူ့ပေါ့ဗျာ.... မနက် ကျောင်းရောက်တာနဲ့ သူ့အခန်းကို အရင်သွားကြည့်မိတယ်... သူများ ရောက်နေမလားလို့ပေါ့..... 

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

No More Cry



  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

လွမ်းလွန်းလို့


နင်မသိဘူနော် ငါနင့်ကို လွမ်းလွန်းလို့ သေနိုင်တယ်ဆိုတာကိုလေ............

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

နှလုံးသားအရင်းအနှီး


ချစ်သူ မင်းနားဆင်ဖို့ပါ...........................................................................................

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

The End


မင်းအရာရာကို
ပြောင်းလဲနိုင်ပြီပေါ့လေ
ငါတစ်ကယ်
ဘာကိုမှ နားမလည်ခဲ့ရပါလား
ချစ်သူရယ်
အရာရာအားလုံးက
တစ်ခဏအတွင်းမှာ အရာအားလုံးက
မယုံနိုင်အောင်ပဲ ပြောင်းလဲသွားခဲ့တယ်လေ

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

21 သို့


တောင်းဆိုမိပါတယ်
၂၁ ရက်ကလေးရယ်
မင်းအကြောင်းကို...
ငါတို့နှစ်ယောက်အတူ
ပြန်တွေးပြီး
ကြည်နူးချင်လို့ပါ........
ဒါပေမယ့်
ငါ့မှာ အခွင့်အရေးမရှိပါဘူးကွယ်
အတိတ်ကို မေ့ပြီး
အိပ်လိုက်ရတယ်ကွယ်
ဒါပေမယ့်
Good Night ပါလေ
သူ့အတွက်
လှပတဲ့ မနက်ခင်းလေးက
ကြိုဆိုနေမှာပါ.........................

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

စကားသိပ်တက်တဲ့ သူ.......

ကျွန်တော့် ချစ်သူက
ကျွန်တော့်ကို ပြောဖူးတယ်
နင်က စကားသိပ်တက်တာပဲတဲ့
တကယ်တော့
သူကသာ စကားပြောကောင်းခဲ့တာ
စကားတစ်ခွန်းနဲ့တင်ပဲ
ကျွန်တော့်နှလုံးသား
ကြွေမွသွားခဲ့ရတယ်

''ငါကို မေ့လိုက်တော့''

အသဲကွဲ နေသောကျွန်တော် မောင်ဖေလတ်
တစ်ချိန်က သူ့ချစ်သူ '' မောင်''

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အသဲကွဲ မှတ်တမ်း (၄.၉.၂၀၁၃)



ငါလေ မင်းကို အချစ်ခဲ့တယ် မ, ရယ်..............
ငါတို့နှစ်ယောက် ဘယ်တော့မှ မဝေးတော့ဘူးလို့ ငါတွေးထင်ထားခဲ့တယ် မ, ရယ်..............
ဒါပေမယ့် ငါတွေးထင်ထားတာ တလွဲစီပါကွယ်...
မင်းက ငါနဲ့ ဝေးသွားနိုင်ပြီလေ.......................
ငါ့ကို သီချင်းတွေဆိုပြမယ့် မင်းလည်းမရှိတော့ဘူး.............
ငါ့ဘလော့ထဲ ကဗျာတွေ ရေးပေးမယ့် မင်းလည်းမရှိတော့ဘူး..................
ငါ့ Fan Page မှာ Like လုပ်ပေးမယ့် မင်းလည်းမရှိတော့ဘူး......................
ငါ့ အိပ်မက်ထဲမှာ ငါ့ကို ပျော်အောင်တစ်မျိုး၊ ဝမ်းနည်းအောင်တစ်မျိုး ပြုလုပ်တက်တဲ့ မင်းလည်းမရှိတော့ဘူး..............

ဘာပဲဖြစ်ဖြစ် ငါဆုတောင်းပေးလိုက်ပါတယ်........
မင်း ချစ်သူဆိုတဲ့သူနဲ့ သာယာတဲ့ ဘဝတစ်ခုကို တည်ဆောက်နိုင်ပါစေလို့
ငါအဝေးက ဆုတောင်းပေးလိုက်ပါတယ်

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS