စာလုံး/အကြီး+ နှင့် -အသေး
RSS

ငွေသော်တာ ရောင်ခြည်

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

တစ်ဘဝစာ ချစ်ခဲ့တာပါ ချစ်သူ


ချစ်တယ်ဆိုတဲ့အကြောင်း ထိုင်ပြောရင်
တစ်ညလုံးတောင် ဒီပုံပြင် ကုန်မှာလား
နင့်အတွက်တော့ ငါဟာ ပုံပြင်တစ်ပုဒ်လေ
ငါ့အတွက်ကသာ တစ်ထာင့်တစ်ညမကတာ

နင့်ကိုလွမ်းတဲ့အကြောင်းပြောရင်
ငါ့လက်ကွက်က ဒီတစ်ညလုံး ကီးဘုတ်နဲ့ ခွါလို့ရမှာမဟုတ်ဖူး
နင့်အတွက်တော့ တစ်ခဏတာလေ
ငါ့အတွက်တော့ တစ်ဘ၀တာပျော်ဝင်နေတယ်

နင့်ကို ငါ မနက်ခင်းတိုင်း အချစ်နဲ့နှုတ်ဆက်နေချင်ပါတယ်
နင့်အတွက် ငါ ညခင်းတိုင်း အနမ်းနဲ့ အိပ်ဆက်နေစေချင်တယ်
လူတိုင်းဟာ ချစ်တယ်ဆိုတဲ့စကားကို တစ်ယောက်တည်းကိုပဲပြောခဲ့ကြတာပါ
ငါလဲ နင့်ကို ချစ်တယ်ဆိုတဲ့စကားကို နင့်တစ်ယောက်တည်းကိုပဲ ပြောခဲ့ဖူးတာပါ

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အသိအမှတ်ပြုပေးပါ..

သမိုင်းတင်လောက်တဲ့
အချစ် သူရဲကောင်းကြီးလည်း မဖြစ်ချင်ပါဘူး
ဒါပေမယ့်
သူ့အသိစိတ်ထဲမှာ
သူ့အတွေးထဲမှာ
သူ့အိပ်မက်တွေထဲမှာ
သူ့ဘဝထဲမှာ
သူ့ နှလုံးသားထဲမှာတော့
ကျွန်တော့်ကို
ကမ္ဗည်းထိုးထားစေချင်တယ်

မောင်ဖေလတ်

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ပြိုင်ပွဲ

ကျွန်တော်တို့နှစ်ယောက်
မသတ်မှတ်ထားတဲ့ ပြိုင်ပွဲတစ်ခုမှာ....
ကျွန်တော် နိုင်သွားတယ်ထင်တယ်
သူက ပြောခဲ့ဖူးတယ်
မောင်က ကျွန်မလောက်မချစ်နိုင်ပါဘူးတဲ့
အခုတော့ သူရှုံးလို့ ကျွန်တော့်အဝေးကို ထွက်သွားပြီထင်တယ်...။။
နိုင်ရင်လည်း မကောင်း၊ ရှုံးရင်လည်း မကောင်းတဲ့
ဒီ.. အချစ်ပြိုင်ပွဲမှာ သရေဘဲ ဖြစ်ချင်မိတယ်ဗျာ......

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

တိမ်တိုက်လေးရယ်

ငါသာ မိုးကောင်းကင်ဖြစ်ခဲ့မယ်ဆိုရင်
အကြိမ်ကြိမ် ငွေ့ရည်ဖွဲ့လို့
တိမ်တိုက်လေးအဖြစ်နဲ့
ငါ့အနားမှာအမြဲနေပေးမယ်ဆို
အခုတော့ လေနှင်ရာကို လွှင့်သွားပြီလား
ချစ်သူရယ်................ 


မောင်ဖေလတ်

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဝန်ခံပါတယ်

မျှော်လင့်ချက်မရှိဘဲနဲ့ မင်းကို ချစ်တာဆိုရင် ငါလိမ်ရာကျမယ်.... ငါမျှော်လင့်ခဲ့ပါတယ်... မင်းဆီကချစ်ခြင်းမေတ္တာတွေရယ်၊...... နွေးထွေးမှုတွေ၊ ဂရုစိုက်မှုတွေ၊......မင်းနဲ့အတူဘဝတစ်ခုကို တည်ထောင်လို့ရလာမယ့် ပျော်ရွှင်မှုတွေကို ပေါ့

Post by Mg Pe Latt

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Love & Like

မောင်ရဲ့ Dictionary ထဲမှာ မင်းအတွက် Love ဆိုတာပဲရှိခဲ့တာ
ဒါပေမယ့် မင်းထင်နေတာက Like .....................................
မောင့်အပေါ်မှာ သံသယတွေရှိနေတုန်းပဲလား.......................
ယုံကြည်မှုတွေ မထားရှိသေးဘူးလား..................................
မောင်လုပ်ခဲ့မိတဲ့ အပြစ်ရှိလည်း ပြောပါ................................
မင်းနဲ့ နီးစပ်ဖို့အတွက်မောင်ပြင်ပေးမယ်လေ.........................



Post by Mg Pe Latt

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အိပ်မက်တွေလား... ချစ်သူ

အမှန်ပြောရမယ်ဆို..........ငါဘာကိုမှ အယုံအကြည်မရှိသေးဘူး...
အားလုံးအိပ်မက်လို့ပဲထင်တယ်...............
မင်း မောင့်နှလုံးသားထဲက ထွက်ခွာသွားတဲ့အချိန်ကစလို့...... အိပ်မက်ကလန့်နိုးဖို့
အကြိမ်ကြိမ်ကြိုစားနေဆဲ
ငါ့ရင်ခွင်မှာ ခိုလှုံစေချင်ပြီ ချစ်သူ


Post by Mg Pe Latt

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မပြောင်းလဲပါ.....

လွမ်းရရက်တွေ
ကြာရှည်နေလည်း
မမုန်းရင်မှာ
ချစ်လျှက်ပါ။

post by Ye Min

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS